နေပြည်တော် အောက်တိုဘာ ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဘုန်းတော်ကြီးကျောင်းများတွင် သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ စသည်တို့ကို ဆက်ကပ်လှူဒါန်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (မုံရွာ) မှ ညွှန်ကြားရေးမှူး ဦးစိုးဦးနှင့် ဝန်ထမ်းများသည် မုံရွာမြို့၊ အောင်ချမ်းသာ ရပ်ကွက် ပဇ္ဇောတာရုံကျောင်းတိုက် ဆရာတော်ကြီးထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား နှင့် ပဲများကို သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်