နေပြည်တော် မတ် ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး စင်တာများတွင် ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် ဘုန်းကြီးကျောင်းများမှ ရဟန်း၊ သာမဏေများ၊ သီလရှင်ကျောင်းများအား အင်အားဖြည့် အစားအစာများကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိသည်။
ထိုသို့ လှူဒါန်းထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အောင်ဇေယျရပ်ကွက်ရှိ ထီလာဦးကျောင်းတိုက်၌ သီတင်းသုံးနေသော ရဟန်း၊ သာမဏေများအား ဆွမ်းဆန်တော် အခက်အခဲ မရှိစေရေးအတွက် မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများက ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်ဥ၊ Mask နှင့် Handgel စသည့် လှူဒါန်းဖွယ် ထောက်ပံ့ပစ္စည်းများကို ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စထံသို့ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


