နေပြည်တော် နိုဝင်ဘာလ ၁၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ သံဃာတော်များ ဆွမ်းဆန်တော် အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲ များအား ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီလွင်နှင့် ဝန်ထမ်းများသည် ဟိုပုံးမြို့၊ လုမ္ဗိနီကျောင်းတိုက်ရှိ ရဟန်းသာမဏေများအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)