နေပြည်တော် စက်တင်ဘာ  ၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့  ဝါတွင်းကာလ သံဃာတော်များ ဆွမ်းအခက်အခဲ မရှိစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ လှူဒါန်းလျက်ရှိသည်။ 

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  ပူတာအိုခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်း နှင့် ဝန်ထမ်းများက  ပူတာအိုမြို့နယ်၊ ဝင်းလုန်ကျေးရွာ၊ ဟိုကျိုဘုန်းတော်ကြီးကျောင်းရှိ ရဟန်းသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ပဲ အမယ်လေးမျိုးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်