နေပြည်တော်၊  မတ်  ၂၆ 

 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးကျောင်းများ ဆွမ်းဆန်တော် အခက်အခဲ မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

 

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကွန်ဟိန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းငြိမ်းသက်နှင့် ဝန်ထမ်းများသည် ကွန်ဟိန်းမြို့နယ် အမှတ် (၅၀) ရပ်ကွက်ရှိ နားဆေ စာသင်တိုက်ကျောင်းသို့ ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ  သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်