တောင်ကြီး ဇန်နဝါရီ ၂၂

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြေလမ်း ၁၅/၆မိုင်၊ ကျောက်လမ်း ၁၁/၂မိုင်၊ အမာခံလမ်း ၂/၀မိုင်၊ ကွန်ကရစ်တံတား သုံးစင်း၊ Box Culvert ၆၅ စင်း၊ ကျောက်စီရေမြောင်း ပေ ၃၅၀ တို့ကို နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေ ကျပ် ၃၂၅၇ ဒသမ ၁၁၇ သန်းဖြင့်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ            ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှုကြောင့် ကျေးရွာ ၈၁ရွာမှ လူဦးရေ ၄၂၀၂၅ ဦးတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည် ဖြစ်ကြောင်း သိရသည်။

 

ကျော်ဇောဦး(မောရှမ်းမြေ)