နေပြည်တော် မတ်  ၂၈  

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးကျောင်းများသို့  ဆွမ်းဆန်တော် အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (တောင်ကြီး) ကွပ်ကဲမှုအောက်ရှိ လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း နှင့် ဝန်ထမ်းများက မိုင်းကိုင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက် မဇ္ဇိုမရာမစာသင်တိုက်သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား နှင့် ကုလားပဲများ  ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်