နေပြည်တော် ဒီဇင်ဘာ  ၁၃ 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းသုံးလျက်ရှိသော သံဃာတော်များအား ဆွမ်း ဆန်တော် အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများကို ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မိုင်းကိုင်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းနှင့် ဝန်ထမ်းများမှ မိုင်းကိုင်မြို့နယ် “မဟတ်”  ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ရဟန်း၊ သာမဏေ၊ ကိုရင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်