နေပြည်တော် ၁၆ မေ
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း နွေရာသီကာလတွင် သောက်သုံးရေရှားပါးမှု ကြုံတွေ့လျက်ရှိသော မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူလူထုများသို့ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်ဖြင့် ဖြန့်ဝေလှူဒါန်းလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများဦးဆောင်၍ ပုဗ္ဗသီရိ မြို့နယ်၊ စက်ကုန်း ကျေးရွာသို့ ရေဂါလန် (၄၀၀၀) နှင့် ဇေယျာသီရိမြို့နယ်၊ စက်ကုန်းကျေးရွာသို့ ရေဂါလန် (၂၀၀၀)၊ စုစုပေါင်း ရေဂါလန် (၆၀၀၀)ကို အိမ်ထောင်စုအလိုက် ရေသယ်ယာဉ်ဖြင့် သယ်ဆောင်၍ စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့သည်။
ယခုနွေရာသီတွင် ရေလှူဒါန်းဆောင်ရွက်လျက်ရှိရာ ဧပြီ (၂)ရက်မှ မေ (၁၃) ရက်အထိ ရေဂါလန် စုစုပေါင်း (၁၆၂၀၀၀) အား ရေသယ်ယာဉ်ဖြင့် သယ်ဆောင်၍ စနစ်တကျခွဲဝေလှူဒါန်းပေးခဲ့ပြီး ရေရှားပါးသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသို့ မိုးမကျမီကာလအထိ သန့်ရှင်းသော သောက်သုံးရေများ အလှည့်ကျ ဖြန့်ဝေလှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


