ရန်ကုန် သြဂုတ် ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဘုန်းတော် ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ စားသောက်ဖွယ်ရာများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်း ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများသည် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ဝိသာခါပုဏ္ဏမီဂုဏ်ဝေ သီလရှင်စာသင်တိုက်သို့ သွားရောက်၍ သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက် သွန်နီနှင့် ကြက်ဥများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်