နေပြည်တော် အောက်တိုဘာ ၃၁

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ  ဆွမ်း၊ ကွမ်း ခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ အမယ်လေးမျိုးကို ရဟန်း၊ သံဃာ၊ သာမဏေများအတွက် ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ခင်သီတာခိုင်နှင့် ဝန်ထမ်းများက မြိတ်မြို့နယ်၊ ရှမ်းချောင်းကြီးရပ်၊ မြို့ပတ်-၂ လမ်း၊ မြိတ်-လေးမိုင် ယဉ်ငေးရိပ်သာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ဆန်(၅) အိတ်၊ ဆီ ပိဿာ(၃၀)၊ ကုလားပဲ (၈) ပိဿာစသည့် လှူဒါန်းထောက်ပံ့ပစ္စည်းများကို ကျောင်းထိုင် ဆရာတော်ထံသို့ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်