နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် စက်တင်ဘာ ၂၅

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဦးစိုးလွင်၊ ဦးခင်မောင်ထွဋ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်မနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ သံလမ်း ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဝါတွင်းကာလအတွင်း နေပြည်တော်ကောင်စီ နယ်မြေ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများသို့ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲအမယ်လေးမျိုးတို့ကို ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်