နေပြည်တော် ဩဂုတ် ၂၁

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန အနေဖြင့် ချင်းပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများရှိ သံဃာတော် များနှင့် သီလရှင်များ ဝါတွင်းကာလ ဆွမ်း၊ ကွမ်း အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးကို စဉ်ဆက်မပြတ် ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

 

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပလက်ဝမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဗွေဟုန်းနှင့် ဝန်ထမ်းများက ချင်းပြည်နယ် ပလက်ဝမြို့ တောင်တန်းသာသနာပြု ဗဟိုဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)