နေပြည်တော် မတ် ၄

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ မြစ်ကြီးနားမှ ညွှန်ကြားရေးမှူး ဦးဇော်လှိုင်ဝင်း နှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဝါသ(မဟာဂန္တဝါစကပဏ္ဍိတ) ထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ သွားရောက် လှူဒါန်းသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများနှင့် အခြားဘာသာရေး ကျောင်းများသို့လည်း ဆွမ်း၊ ကွမ်း၊ ခက်ခဲမှုမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ဆက်လက် လှူဒါန်းပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်