နေပြည်တော် ဒီဇင်ဘာ   ၂၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအကြားအလပ်မရှိ တောင်တန်းမြေပြန့်မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဟိုးပုံးမြို့နယ်၊ ပုံးအယ်လမ်းခွဲမှ နမ့်ပေါ်ချော - ဟိုနား - နောင်မိုင်းပွန် - နားလော - လီမော လမ်းခွဲအထိ ၁၅ မိုင်အနက် ၅ မိုင် မြေသားလမ်းဖောက်လုပ်ခြင်းနှင့် ၅ ပေ Box Culvert ၁၀ စင်း တည်‌ဆောက်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ် ၃၂၉ ဒဿမ ၄၇၆ သန်းဖြင့် ဆောင်ရွက်နေမှုအား ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းများ ၉၅ ရာခိုင်နှုန်း  ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေဖြင့် မြေလမ်း ၆၉ မိုင်  ၄ ဖာလုံ၊  အာမခံလမ်း ၁၃ မိုင်  ၄ ဖာလုံ၊  ကျောက်လမ်း ၂၁ မိုင် ၃ ဖာလုံ၊ ကတ္တရာလမ်း ၂ မိုင် ၄ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာ ၈ မိုင် ၆ ဖာလုံ၊ ကွန်ကရစ်လမ်း ၃ မိုင် ၂ ဖာလုံ၊ ကွန်ကရစ်တံတား ၅ စင်း၊ Box Culvert  ၁၂၄ စင်း၊ ကျောက်တောင် မိုင်းခွဲခြင်းလုပ်ငန်း ၂ ခု၊ အဝီစိတွင်း တူးဖော်ခြင်းလုပ်ငန်း   ၁ တွင်း၊ သာသနာရေးလုပ်ငန်း ၆ ခု၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်း ၅ ခု၊ ဆိုလာ ၉၄ စုံနှင့် ဦးစီးဌာနလုပ်ငန်း ၆ ခုတို့ကို စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၁၁၃၉ ဒဿမ ၉၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်