စစ်တွေ စက်တင်ဘာ ၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများတွင် ဝါတွင်းကာလ ဆွမ်း၊ ကွမ်း၊ အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (စစ်တွေ)မှ ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင် နှင့် ဝန်ထမ်းများက စစ်တွေမြို့နယ် ဣန္ဒာရာမ ကျောင်းတိုက် ဆရာတော်ဦးဉာဏတဇ ထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကုလားပဲများကို ဒေသ အလိုက် ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်