နေပြည်တော် အောက်တိုဘာ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆန်၊ ဆီ၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ ဇေတဝန် ဘုန်းတော်ကြီးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)