နေပြည်တော် ဇန်နဝါရီ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့မှုနှင့် သင်တန်း များတက်ရောက်ခဲ့မှုအပေါ် အတွေ့အကြုံရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက် အတွင်းဝန်/ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှသိန်းက ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ နာဂါအိုကာမြို့နှင့် နီဂါတာမြို့များတွင် ခေါင်းဆောင်မှုစွမ်းရည် တိုးမြှင့်ရေးဆိုင်ရာ လေ့လာရေးသွားရောက်ခဲ့မှုနှင့်စပ်လျဉ်းသည့် အတွေ့အကြုံများကို လည်းကောင်း၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဲနေနေကျော် က အလယ်အလတ် အဆင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုအဆင့်မြင့်ဒီပလိုမာ သင်တန်း အမှတ်စဉ် (၆) သို့ တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်းသည့် အတွေ့အကြုံများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ပြည်ပနိုင်ငံများနှင့် သင်တန်းများတွင်ရရှိခဲ့သည့် အကျိုးကျေးဇူး များ၊ တွေ့ရှိခဲ့သည့် အားသာချက်၊ အားနည်းချက်များ၊ လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်နှင့် အစဉ်အလာကောင်းများ၊ နောင်တွင်ဆောင်ရွက်သင့်သည့် အလေ့အကျင့်ကောင်းများကို ထုတ်ဖော် ဆောင်ရွက်ရေး၊ ဝန်ထမ်းများ၏ ကျန်းမာရေး၊ ပညာရေး၊ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးနေမှု၊ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် သင်တန်းများ စေလွှတ်တက်ရောက်စေမှုနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်ရှိသည်များကို မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်