နေပြည်တော်   အောက်တိုဘာ ၇

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ  အမျိုးသမီး အိမ်တွင်းမှု     သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း      ၂၄ ကျောင်းတို့၌ အဆင့်မြင့်အိမ်တွင်း မှု    စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင်    ကျင်းပရာ  မုဒုံမြို့     သင်တန်းကျောင်း တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော် လင်းထွန်း၊ ဘားအံမြို့ သင်တန်းကျောင်းတွင်   ကရင် ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပုသိမ်မြို့ သင်တန်းကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကျိုင်းတုံမြို့ သင်တန်းကျောင်းတွင် တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်ချုပ်  နီလင်းအောင်၊  မောင်တောမြို့ သင်တန်းကျောင်းတွင် အမှတ်(၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်  စစ်ဆင်ရေးကွပ်ကဲရေးမှူး    ဗိုလ်မှူးချုပ်   သူရိန်ထွန်း၊ လပွတ္တာမြို့ သင်တန်းကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး မိုးမင်းနိုင်၊ ကော့သောင်းမြို့ သင်တန်းကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီး     လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းတို့   တက်ရောက်ပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များရှိ     အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းများ၌      နယ်စပ်ရေးရာဝန်ကြီးဌာန   ကွပ်ကဲမှုအောက် ဦးစီးဌာနများမှ  တိုင်းဒေသကြီး/ ပြည်နယ်ဦးစီး မှူးများနှင့်   ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ   တာဝန်ရှိသူများ  အသီးသီးတက်ရောက် သည်။

 

အဆိုပါ   သင်တန်းများတွင် နယ်စပ်ဒေသအပါအဝင်   အလုပ် အကိုင်အခွင့်အလမ်း   နည်းပါး သော ဒေသများမှ အမျိုးသမီးငယ် များကို နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူ   ပစ္စည်းများအား စရိတ်ငြိမ်းဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိပြီး သင်တန်း ပြီးဆုံးပါက    တစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်ရန်    အပ်ချုပ်စက်များကို   အရစ်ကျရောင်းချပေး လျက်ရှိသည်။   သင်တန်းထူးချွန်ဆု ရရှိသူများအား စက်ချုပ်လုပ်ငန်း ဖြင့်    အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန် အပ်ချုပ်စက် တစ်လုံးစီ ဆုချီးမြှင့်ပေးခဲ့သည်။ အမျိုးသမီး အိမ်တွင်းမှု   သက်မွေးလုပ်ငန်း ပညာ      သင်တန်းကျောင်း   ၂၄ ကျောင်းတွင် ၂၀၂၂ ခုနှစ် မေ  ၉ ရက်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာ  ၇ ရက်အထိ ရက်သတ္တ ၂၂ ပတ် ကြာ ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ    ဖွင့်လှစ်သင်ကြား ပေးခဲ့ရာ  သင်တန်းသူ   ၇၆၄  ဦး တက်ရောက်ခဲ့သည်။   ဘဏ္ဍာနှစ် တစ်နှစ်လျှင်   သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်း ကျောင်းများ စတင်ဖွင့်လှစ်ချိန်မှ ယခုသင်တန်းအထိ  သင်တန်းသူ စုစုပေါင်း   ၉၄၂၃၂  ဦး  သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်