နေပြည်တော် ၂၄ ဇန်နဝါရီ 

 

နယ်စပ်ခြံစည်းရိုး အဆင့်မြှင့်တင်မှုအတွက် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် နယ်ခြားမှတ်တိုင် (၄၁) ရဲကင်းစခန်းအား ယနေ့ နံနက် ၇ နာရီ ၄၄ မိနစ်ခန့်တွင် နယ်စပ်ခြံစည်းရိုးမှ မီတာ (၂၀ဝ) အကွာခန့် နေရာမှ ဗုံးပစ်လောင်ချာ ဗုံးသီး ၄ လုံး၊ လက်နက်ငယ် အချက် ၂၀ဝ ခန့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ရှေ့တန်းအမှတ်(၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်သား သန်းမြင့် လက်နက်ငယ်ရှပ်မှန် ဒဏ်ရာ (မစိုးရိမ်ရ)၊ ရဲတပ်သား စိုးသန်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် နယ်စပ်ခြံစည်းရိုးပြင် အလုပ်သမားကျော်မျိုးလွင် လက်နက်ကြီးစ ရှပ်မှန်ဒဏ်ရာများ  ရရှိခဲ့သည်။

 

mdn

 

နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံကာ အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်အား အသိပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ရင်းနှီးချစ်ကြည်ပြီး ကောင်းမွန်သော ဆက်ဆံရေး ရှိသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အကြမ်းဖက်မှုနှင့်စပ်လျဉ်း၍ လုံးဝ လက်မခံသည့် မူဝါဒချမှတ်ထားကြောင်း၊ ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေကို အသုံးပြု၍ မြန်မာနိုင်ငံအား ထိပါးနှောက်ယှက် ရန်ပြုလာသည်ကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးရန် ပြောကြားကာ သံတမန်စာ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။  

 

(သတင်းစဉ်)

 

mdn

 

 

mdn

 

 

mdn