နယ်ချဲ့အင်အားစုတို့၏ သွေးရှုးသွေးတန်းလုပ်ရပ်

ကွန်ဖရင့်ဟုခေါ်သော ဆွေးနွေးပွဲ၏အမည်က မြန်မာလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဖရင့် (The Berlin Conference on Myanmar Genocide )ကွန်ဖရင့်အမည်ကို ကြည့်ရုံမျှဖြင့် ကြိုတင်ချပြီးသော ဆုံးဖြတ်ချက်တစ်ရပ်အတွက် ပွဲခင်းဟန်ရေးပြသော ကွန်ဖရင့်မှန်း သိသာပါသည်။ ဤကွန်ဖရင့်အတွက် ထုတ်ပြန်သော ကြေညာချက်၌ “ဤကွန်ဖရင့်သည် မြန်မာနိုင်ငံတွင် ဘဂါလီမျိုးနွယ်(မူရင်း၌ ၎င်းတို့၏စိတ်ကြိုက်အမည်ကို ရည်ညွှန်းဖော်ပြထားသည်) တို့အား လူမျိုးတုံးသတ်ဖြတ်လျက်ရှိသည်ကို ဂျာမန်လူမျိုးအဖွဲ့အစည်းနှင့် ဥရောပပြည်သူတစ်ရပ်လုံးအား အသိပေးရန် ရည်ရွယ်သည်” ဟု အတိအလင်းဖော်ပြထားပါသည်။

၂၈ ဖေဖော်ဝါရီ

 

“ကုလသမဂ္ဂခုံအဖွဲ့ကသာ လူမျိုးတုံးသတ်ဖြတ်မှု ပြစ်မှုမြောက်သည်၊ မမြောက်သည်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟူသော အမြင်အား ဤကွန်ဖရင့်က ပြတ်ပြတ်သားသားပယ်ချပါသည်”ဟု အဆိုပါကြေညာချက်၌ ဆိုလိုက်ပါသေးသည်။ အဆိုပါ ကွန်ဖရင့်၏ အဓိကအဖွင့်မိန့်ခွန်းပြောမည့် ပုဂ္ဂိုလ်တစ်ဦးမှာ မြန်မာနိုင်ငံ လှူအခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ပါမောက္ခ ယန်ဟီးလီဖြစ်ပါသည်။ ပါမောက္ခ ယန်ဟီးလီက ရခိုင်ပြည်နယ်အရေးအပေါ် တစ်ဖက်သတ် အဆိုးအမြင်ရှိသည်မှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် တရားမျှတမှုကိုလိုလားသော ကမ္ဘာ့ပြည်သူတို့က သိရှိပြီးဖြစ်ပါသည်။ ဤကွန်ဖရင့်၏ ဆွေးနွေးပွဲစကားဝိုင်းတစ်၌ ပြောဆိုမည့်သူများတွင် အမည်ဆန်းတပ်ဘဂါလီဥရောပကောင်စီမှ Dr.Ro Hla Kyaw  နှင့် ဗြိတိန်အမည်ဆန်းတပ်ဘဂါလီအဖွဲ့ ဥက္ကဋ္ဌ Ro Tun Khin ဆိုသူတို့လည်း ပါဝင်သည်ကို တွေ့ရပါသည်။ အဆိုပါ ဆွေးနွေးပွဲစကားဝိုင်းတစ်၏ အမည်က “ အမည်ဆန်းတပ် ဘဂါလီတို့က ၎င်းတို့၏ အကြောင်းကို ကိုယ်တိုင်တင်ပြခြင်း” ။

 

 

ဤကွန်ဖရင့်၏ အဓိကဆွေးနွေးပွဲစကားဝိုင်းမှာ “လူမျိုးတုံးသတ်ဖြတ်ခြင်း” ဖြစ်သည်။ ဤစကားဝိုင်း၌ ပါဝင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များထဲ၌ မောင်ဇာနည်ဆိုသူလည်းပါဝင်ပါသည်။ မောင်ဇာနည်နှင့် Ro Tun Khin ဆိုသူတို့မှာ ရခိုင်ပြည်နယ်၌ အမည်ဆန်းတပ် ဘဂါလီမျိုးနွယ်တို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုအား ကုလသမဂ္ဂနှင့် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တို့၏ ကာကွယ်စောင့်ရှောက်မှုဖြင့် ထူထောင်ရမည်ဟု တောင်းဆိုနေသူများဖြစ်ပါသည်။ တိကျသော စကားဆိုရပါက မောင်ဇာနည်နှင့် Ro Tun Khin ဆိုသူတို့သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်နယ်မြေကို ဖဲ့ထုတ်ယူရန် အရှက်မရှိ ကြိုးပမ်းနေသူများဖြစ်ပါသည်။ ဤသို့သော ဝိသေသလက္ခဏာတို့နှင့် ပြည့်စုံသော ဘာလင်နယ်ချဲ့ကွန်ဖရင့်က မြန်မာကိုယ်စားလှယ်အဖွဲ့၏ တက်ရောက်ဆွေးနွေးခွင့်ကို ပယ်ချလိုက်ခြင်းသည် ကြိုတင်ကြံစည်ကြိုးပမ်းထားသည့် နယ်ချဲ့လှုံ့ဆော်ရေးကြိုးပမ်းမှုတို့ကို ဒရောသောပါး ကာကွယ်လိုက်ခြင်းသာဖြစ်ပါသည်။

 

 

မြန်မာနိုင်ငံအကြောင်း ဆွေးနွေးမည်ဆိုသော ကွန်ဖရင့်၌ မြန်မာတိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်အဖွဲ့အား တက်ရောက်ဆွေးနွေးခွင့် ပယ်ချခဲ့ခြင်းသည် မရိုးသားမှုတို့ကို တိုးလျှိုပေါက် အတိုင်းသားဖော်ပြလိုက်ခြင်းသာဖြစ်ပါသည်။ ဆိုင်ရာဆိုင်ရာအဖွဲ့အစည်းတို့က ၎င်းတို့၏ အမြင်သဘောထားတို့ကို လွတ်လပ်ပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးနိုင်မှသာ ကွန်ဖရင့်ဟုခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။ ကွန်ဖရင့်ဟု အမည်ပေးထားသော ဤဟန်ရေးပြလုပ်ပြဇာတ်ကြီးသည် မြန်မာတိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ သွေးစည်းညီညွတ်မှုအပေါ် နယ်ချဲ့အင်အားစုတို့က သွေးရူးသွေးတန်းတုံ့ပြန်လိုက်ခြင်းသာဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။

 

 မြန်မာ့အလင်း