မြို့သစ်   ၃   အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ (BookClub) အဖွဲ့ပူးပေါင်းကာ မြို့သစ်မြို့နယ်ကံကြီး ကျေးရွာ မူလတန်းကျောင်းသို့ ယမန်နေ့က သွားရောက်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ဝင်းအိဇွန်မှ သဘာဝဘေး အန္တရာယ်များဖြစ်သည့် ရေဘေး၊ မီးဘေး၊ လေဘေးစသည့် သဘာဝဘေးများ အကြောင်းနှင့် ဆောင်ရန်ရှောင်ရန်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက်(BookClub)အဖွဲ့ဝင် ဦးတင်ရွှေ၊ ဦးကံရင်နှင့် ဦးမြင့်ကြည်တို့မှ သဘာဝပတ်ဝန်းကျင် အကြောင်းဆက်စပ်ပုံ အဆင့်များကိုကဏ္ဍအလိုက် ဆွေးနွေးပြောကြားသည်။

 

နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲအခမ်းအနားသို့ ကံကြီးကျေးရွာ အခြေခံမူလတန်းကျောင်းမှ ဆရာဆရာမနှင့်ကျောင်းသား၊ ကျောင်းသူ(၅၀)ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သန်းဝင်းထွန်း(ပြန်ဆက်)