မိုးညို ၇ စက်တင်ဘာ 

မိုးညိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် နယ်လှည့်ရွေ့လျားစာကြည့်တိုက်နှင့် စာငှားဝန်ဆောင်မှုပေးခြင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် ဆုံကုန်း အ.မ.က ကျောင်းနှင့် ပြည့်စင်ကုန်း အ.မ.က ကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

နံနက်ပိုင်းတွင် ဆုံကုန်း အ.မ.က ကျောင်း၌ စာကြည့်တိုက်မှူး ဒေါ်အေးအေးဟန်က ကလေးများအား ရုပ်ပုံစာအုပ်ဖြင့် ပုံပြောခြင်း၊ စက္ကူပြဇာတ်ဖြင့် ပုံပြောခြင်း၊ ဘုတ်ပြားပြဇာတ်ဖြင့် ပုံပြောခြင်း၊ ဆရာမများအား ရုပ်ပုံစာအုပ်ဖြင့် ပုံပြောနည်းနှင့် စာငှားစနစ်များ ရှင်းလင်းပြောကြားပြီး ကလေးများနှင့်အတူ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ကြကာ ကလေးငယ်များက စာအုပ်များ ရွေးချယ်ဖတ်ရှုခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် ပြည့်စင်ကုန်း အ.မ.က ကျောင်း၌ အလားတူ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး အဆိုပါကျောင်း(၂)ကျောင်းသို့ တစ်ကျောင်းလျှင် စာအုပ်ပုံး (၁)ပုံးစီ တစ်လဖတ်ရှုရန် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

စန္ဒာလင်း(မိုးညို)