နမူနာကောက်ယူစစ်ဆေးခြင်းဆောင်ရွက်

 

မင်းလှ ၃၁ ဇန်နဝါရီ 

 

သာယာဝတီခရိုင်      မင်းလှမြို့နယ် မြို့မဈေးကြီးအတွင်း ရောင်းချလျှက်ရှိသော အစား အသောက်များနှင့် အလှကုန်ပစ္စည်းဆိုင်များအား နမူနာကောက်ယူဓာတ်ခွဲစမ်းသပ်ပြုလုပ်ခြင်းကို ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါက်တာ နီနီအေးဦးဆောင်သော အဖွဲ့မှ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

mdn

 

မင်းလှမြို့မဈေးရှိ မုန့်ဟင်းခါဖတ်၊ ပဲပြား၊ ပဲတီချဉ်၊ မျှစ်၊ ဂျင်းချဉ်၊ စိမ်းစား ငါးပိစသည့်   ချက်ချင်းအဖြေထုတ်ရသည့် အစားအသောက်များအား နမူနာကောက်ယူစစ်ဆေးရာ စစ်ဆေးမှုအားလုံးသည် သတ်မှတ်ချက်နှင့် ကိုက်ညီကြောင်း တွေ့ရှိရကြောင်းနှင့် တားမြစ်အလှကုန်ရောင်းချသည့်ဆိုင်တစ်ဆိုင်အား ပစ္စည်းသိမ်းခြင်း၊ ဝန်ခံကတိထိုးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

 

အလားတူ သုံဆယ်မြို့၊ လက်ပံတန်းမြို့၊ မိုးညိုမြို့များတွင်လည်းနမူနာကောက်ယူစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

 

ပေါက်စ (မင်းလှ)