ဆင်ပေါင်ဝဲ   ဒီဇင်ဘာ   ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၄ ရက်တွင် သာစည်ကျေးရွာအုပ်စု၊ ဂွေးတောက်စမ်းကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ စာသင်ကျောင်းများ ဖွင့်လှစ်မှုအခြေအနေများ၊ ကိုဗစ်ကာကွယ် ဆေးထိုးနှံမှု အခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ များတွင် သတ်မှတ်ဆေးထိုး စုရပ်များအလိုက် ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက်ရှိသူများ ကာကွယ်ဆေး မထိုးနှံရသေးပါက သက်ဆိုင်ရာ ဆေးထိုးစုရပ်များ၌ သွားရောက်ထိုးနှံကြရန်၊ ကာကွယ်ဆေးကို အကြိမ်ရေပြည့် ထိုးနှံကြရန်နှင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးနေမှု အခြေအနေများနှင့်ပတ်သက်ပြီး ကျေးရွာသူ ကျေးရွာသားများအား အသိပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)