၈ စက်တင်ဘာ
ဉရောပတွင် သေဆုံးမှု ၁၃ ရာခိုင်နှုန်းဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုတွေနဲ့ ဆက်နွယ်ပတ်သက်နေကြောင်း ဒီနေ့(အင်္ဂါနေ့)မှာ ထုတ်ပြန်တဲ့ ဉရောပဆိုင်ရာ သဘာဝပတ်ဝန်းကျင်အဖွဲ့ (EEA) ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များမှာ လက်တလော ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို မီးမှောင်းထိုးပြထားတာကိုလည်း တွေ့ရပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေထဲမှာ လေထုညစ်ညမ်းမှု၊ အသံဆူညံမှုနဲ့ ဓါတုညစ်ညမ်းမှုတွေအပြင် ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ဇီဝစနစ်ကျန်းမာရေးနဲ့ လူသားတွေရဲ့ ကျန်းမာရေး ဆက်နွယ်မှုကိုကြောင့်လို့ ရှင်းလင်းဖော်ပြထားပါတယ်။
အစားအစာစနစ်မှာ သဘာဝပတ်ဝန်းကျင်နဲ့ လူသားတွေရဲ့ ဆက်နွယ်မှုတွင် တိရစ္ဆာန်တွေရဲ့ရောဂါပိုးဟာ လူသားတွေကို ကူးစက်နိုင်ကြောင်း ရေးသားထားပါတယ်။
ဉရောပ ၂၇ နိုင်ငံနဲ့ ဗြိုတိန်နိုင်ငံတို့မှာ ၂၀၁၂ ခုနှစ်က သေဆုံးသူ ၆၃၀,၀၀၀ ဦးဟာ သဘာဝပတ်ဝန်ကျင်းဆိုင်ရာရဲ့ အကျိုးသက်ရောက်မှုလို့ ဆိုနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဉရောပအတွင်းကို အသေးစိတ်လေ့လာရင် ဉရောပအနောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာလည်းဆက်နွယ်မှုဟာ မတူကြောင်း ဉပမာအားဖြင့် ရိုမေးနီးနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုကြောင့် သေဆုံးသူမှာ ၅ ဦးမှာ ၁ ဦးရှိပေမယ့် ဆွီဒင်နဲ့ ဒိန်းမတ်နိုင်ငံတွေမှာတော့ ၁၀ ဦးမှာ ၁ ဦးသာ ရှိတယ်လို့ ဆိုထားပါတယ်။
MDN
ကိုးကား- AFP