၅ မေ
ဉရောပအတွင်းရှိ နိုင်ငံ ၁၅ နိုင်ငံလောက်က ပထမအဆင့်အနေနဲ့ အသွားအလာပိတ်ဆို့ထားမှု (lockdown) ကို စတင်ဖြေလျော့နေကြောင်း သိရပါတယ်။
အီတလီနိုင်ငံမှာ မိသားစုတွေ စုဝေးခွင့် သို့မဟုတ် လူဉီးရေကန့်သတ်မှုအတွင်းမှာ လူတွေစုဝေး တွေ့ဆုံခွင့် ရပြီဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်များနဲ့ စက်ရုံများကိုလည်း ပြန်လည်လည်ပတ်ခွင့် ရရှိပြီဖြစ်ပါတယ်။
စပိန်နိုင်ငံမှာ အလှပြင်ဆိုင်ကဲသို့ စီးပွားရေးလုပ်ငန်း အသေးတွေကို ပြန်ဖွင့်ခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။
ဂျာမနီနိုင်ငံရဲ့ တစ်ချို့ဒေသတွေရှိ ကျောင်းတွေ ပြန်ဖွင့်နေကြောင်း သိရပါတယ်။
ချက်နိုင်ငံမှာ မေ ၁၁ ရက်ကစပြီး ဉရောပနိုင်ငံခြင်း ဆက်သွယ်ထားတဲ့ လမ်းတွေနဲ့ ရထားလမ်းတွေကို ပြန်ဖွင့်လှစ်မယ်လို့ သိရပါတယ်။
ပေါ်တူဂီနိုင်ငံမှာ ဆိုင်တွေကို မနက် ၁၀ နာရီမှ စတင်ပြီး ဖွင့်ခွင့်ပေးနေပေမယ့် တစ်ဦးနဲ့တစ်ဦး နီးနီးကပ် မနေရေးကို လိုက်နာရမယ်လို့ ဆိုထားပါတယ်။ လူတွေကို အိမ်မှာဘဲနေဖို့ တိုက်တွန်းနေပါတယ်။ အများသုံး သယ်ယူပို့ဆောင်ရေး ယာဉ်ပေါ်တွင် မျက်နှာဖုံး မဝတ်ဆင်ထားရင် ယူရို ၃၅၀ (အမေရိကန်ဒေါ်လာ ၃၈၀) ဒက်ကြေး ပေးဆောင်ရမယ်လို့ သိရပါတယ်။
ဘော်လကန် ဒေသတွင်း သုံးနိုင်ငံမှာလည်း လူမြင်ကွင်းထွက်ရင် မျက်နှာဖုံးဝတ်ကို ဝတ်ဆင်ရမှာဖြစ်ပါတယ်။ ဆားဗီးယားနဲ့ ခရိုအေးရှားမှာ စားသောက်ဆိုင်တွေ၊ ဆံပင်ညှပ်ဆိုင်တွေ စတဲ့ လုပ်ငန်းသေးတွေ ပြန်လည် လည်ပတ်နေပေမယ့် ဆလိုဗေးနီးယားမှာတော့ လုပ်ငန်းတော်တော်များများ ပြန်လည်လည်ပတ်နေပြီလို့ သိရပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံက ရုံးအများအပြား ပြန်ဖွင့်နေပေမယ့် ဆိုင်တွေကိုတော့ မေ ၁၁ ရက်နေ့မှ ပြန်ဖွင့်ခွင့်ရမှာ ဖြစ်ပါတယ်။ ဘတ်စ်နဲ့ရထား စီးမယ့်သူတိုင်းဟာ မျက်နှာဖုံး ဝတ်ဆင်ရမှာဖြစ်ပါတယ်။ မတ်လ ၁၈ ရက်နေ့ကစပြီး အသွားအလာတွေကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
MDN
ကိုးကား - AFP