၅ ဇွန်
ဉရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတွေကို နယ်စပ်ဂိတ်တွေအားလုံး ဇွန်လကုန်မှာ ဖွင့်ပေးဖို့ EU အနေနဲ့ တောင်းဆိုကြောင်း၊ ဗိုင်းရပ်စ်ပိုး အခြေအနေကလည်း ထိန်းသိမ်းတဲ့ အခြေအနေကို ရောက်ရှိနေတဲ့အတွက် အခုလို တောင်းဆိုတာဖြစ်ကြောင်း EU ရဲ့ ပြည်ထဲရေးဝန်ကြီးက Euronews သတင်းဌာနကို ကြာသပတေးနေ့က ပြောကြားပါတယ်။
EU ပြည်ထဲရေးဝန်ကြီး ရိုဗာဂျိုဟာနာဆင် မနက်ဖြန် သောကြာနေ့မှာ အဖွဲ့ဝင်နိုင်ငံတွေကို နယ်စပ်ဂိတ်တွေအားလုံး ဖွင့်ပေးအောင် တင်ပြတောင်းဆိုသွားမယ်။ နယ်စပ်ဂိတ်တွေကို တတ်နိုင်သမျှ စောစောဖွင့်ပေးဖို့ ပြောဆိုရာမှာ အဖြစ်နိုင်ဆုံးကတော့ ဒီလကုန်ပိုင်းဟာ အကောင်းဆုံး အချိန်ဖြစ်မယ်လို့ ဆိုပါတယ်။
EU နိုင်ငံတွင်းက နယ်စပ်ဂိတ်တွေနဲ့ Schengen passport-free အဖြစ် သတ်မှတ်ထားတဲ့ နိုင်ငံတွေအတွက် နယ်စပ်ဂိတ်တွေ ဖွင့်ထားတာကို တွေ့ရတဲ့အတွက် ဝမ်းသာကြောင်းလည်း ထည့်သွင်းပြောဆိုပါတယ်။
နွေရာသီ ခရီးသွားတွေအတွက် ပြင်သစ်နဲ့ ဘယ်လဂျီယမ်နိုင်ငံတွေ အပါအဝင် နိုင်ငံအချို့က နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးမယ် ပြောဆိုနေသလို ဂျာမနီနိုင်ငံကလည်း နယ်စပ်ဂိတ်တွေကို ဇွန် ၁၅ ရက်မှာ ပြန်ဖွင့်ပေးဖို့ လုပ်ဆောင်နေပါတယ်။ အီတလီနိုင်ငံကတော့ ပြီးခဲ့ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။
နယ်စပ်ဂိတ်တွေ ဖွင့်ဖို့ဆိုရာမှာ EU သမဂ္ဂဝင်တွေ မဟုတ်တဲ့ နိုင်ငံတွေအတွက်ပါ ဖွင့်ပေးဖို့ လိုအပ်နေသေးတာကို တွေ့ရပါတယ်။
MDN
ကိုးကား - AFP