ဉရောပသမဂ္ဂက အဖွဲ့ဝင်နိုင်ငံက မဟုတ်တဲ့ ခရီးသွားတွေကို ဇွန် ၁၅ ရက်အထိ ဆက်လက်ပိတ်ထားရန် ကြေညာချက်ထုတ်ပြန်

၉ မေ

ဉရောပသမဂ္ဂ (EU) က အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ နိုင်ငံတွေကနေ လာရောက်မယ့် ခရီးသွားတွေအား ဉရောပထဲ ဝင်ရောက်ခွင့်ကိုဇွန်လ ၁၅ ရက်အထိ ယာယီဆက်လက်ပိတ်ထားရန် ကြေညာချက်ထုတ်ပြန်ပါတယ်။

 

ထုတ်ပြန်ကြေညာချက်မှာ ဉရောပနိုင်ငံတွေနဲ့ ကမ္ဘာကြီးအတွက်  စိုးရိမ်စရာကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်။

 

မတ် ၁၇ ရက်နေ့ ကတည်းက EUအဖွဲ့ဝင်နိုင်ငံက မဟုတ်တဲ့ နိုင်ငံသားတွေကို ဉရောပအတွင်း လာရောက်ခွင့် တားမြစ်ခဲ့ပါတယ်။ အဲဒီတားမြစ်ချက်ကို ဇွန်လ ၁၅ ရက်အထိ တိုးမြှင့်လိုက်တာဖြစ်ပါတယ်။

 

EU အဖွဲ့ဝင်နိုင်ငံသားတွေ နဲ့ သူ့မိသားစုဝင် ၊ အမြဲတမ်းနေထိုင်ခွင့်ရသူတွေ၊ သံတမန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ သုတေသနပညာရှင်တွေနဲ့ နိုင်ငံခြင်း ကူးလူးသွားလာနေသူတွေကတော့ သွားလာခွင့် ရရှိပါတယ်။ အလားတူ ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်စလန် ၊ လက်တင်စတိုင်းနဲ့  ဇန်နဝါရီလက မှ EU ကနေ ထွက်ခွာသွားတဲ့ ဗြိတိန်နိုင်ငံ သားတွေကိုတော့ ဉရောပကို လာရောက်ခွင့်ရရှိကြောင်း သိရပါတယ်။

 

ဉရောပအပြင်ဘက်က နိုင်ငံတွေအတွက် လွတ်လပ်စွာသွားလာခွင့်ကို တဖြည်းဖြည်းနဲ့ ပေးသွားမှာဖြစ်တယ်လို့ အီးယူရဲ့ ပြည်ထဲရေးဝန်ကြီး က ပြောပါတယ်။

 

ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် ကမ္ဘာမှာ သေဆုံးသူ ၂၇၂,၀၀၀ ရှိနေချိန် ရောဂါကူးစက်ခံရသူ ၃.၈ သန်းရှိတာကို တွေ့ရပါတယ်။

 

MDN
ကိုးကား - AFP