၁၁ ဒီဇင်ဘာ
ဉရောပသမဂ္ဂ (EU) ရဲ့ ခေါင်းဆောင်တွေက ယူကရိန်းနိုင်ငံ ကိစ္စနဲ့ ပတ်သက်ပြီး ရုရှားအား စီးပွားရေး ပိတ်ဆို့မှု ၆ လ တိုးမြှင့်လိုက်ကြောင်း ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။
လောင်စာဆီ လုပ်ငန်း အပါအဝင် ရုရှားနိုင်ငံရဲ့ စီးပွားရေး တစ်ခုလုံးကို ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းအထိ ပိတ်ဆို့အရေးယူသွားမယ်လို့ EU ပြောခွင့်ရသူက ပြောပါတယ်။
၂၀၁၄ ခုနှစ်က မလေးရှား လေကြောင်းလိုင်းပိုင် MH17 အား ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ အချိန်ကစပြီး ရုရှားနိုင်ငံအား စီးပွားရေး ပိတ်ဆို့မှု ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကာ နောက်ပိုင်းမှာ ၆ လစီ သက်တမ်းတိုးလာခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံရဲ့ အရှေ့ပိုင်းရှိ ဒွန်နက်သ် နဲ့ လူဂန်နက်သ် ဒေသမှာ ရုရှားကျောထောက်နောက်ခံ ပြုထားတဲ့ ယူကရိန်းကနေ ခွဲထွက်ရေး စစ်သွေးကြွအဖွဲ့ အခြေစိုက်နေထိုင်ကြောင်း သိရပါတယ်။
အဆိုပါ စစ်သွေးကြွ အဖွဲ့ဟာ ၂၀၁၄ ခုနှစ် ကစပြီး ယူကရိန်းကနေ ခွဲထွက်ရေး လုပ်ဆောင်နေတဲ့အတွက် လူပေါင်း ထောင်ချီသေဆုံးနေပြီ ဖြစ်ပါတယ်။
MDN
ကိုးကား - AFP