၃ ဖေဖော်ဝါရီ
ဉရောပသမဂ္ဂနိုင်ငံများက AstraZeneca နှင့် Oxford တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို သက်ကြီးရွယ်အိုများအား ထိုးနှံပေးရန် ခွဲဝေချထားပေးသည်။
ထိုကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို အသက် ၁၈ နှစ်အထက် အရွယ်များအား သောကြာနေ့က ခွင့်ပြုခဲ့သည်။
ပြင်သစ်နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအကြံပေး အဖွဲ့က ထိုကိုဗစ်ကာကွယ်ဆေးသည် သက်ကြီးရွယ်အိုများတွင် ထိရောက်မှုရှိမှုနှင့် ပတ်သက်ပြီး အချက်အလက် မလုံလောက်မှုကို ကိုးကားကာ အသက် ၆၅ နှစ်အောက် အရွယ်များသာ ကာကွယ်ဆေးထိုးနှံရန် အကြံပြုထားသည်။
အဆိုပါ အကြံပေးအဖွဲ့ အကြီးအကဲက သက်ကြီးရွယ်အိုများတွင် ထိုကိုဗစ်ကာကွယ်ဆေး ထိရောက်မှုနှင့် ပတ်သက်သည့် အချက်အလက်များသည် လာမည့်သီတင်းပတ် အနည်းငယ်အတွင်း ရရှိလာမည်ဖြစ်ပြီး ထိုအချိန်တွင် အကဲဖြတ်မှု ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်အစိုးရက ထိုထောက်ခံချက်ပေါ် မူတည်ပြီး အသက် ၆၅ နှစ်နှင့်အထက် အရွယ်များအား ကာကွယ်ဆေးထိုးနှံမှုရှောင်ရှားသွားမည် ဖြစ်သည်။
ဆွီဒင်နိုင်ငံက အလားတူ ထောက်ခံချက်ကို အင်္ဂါနေ့က ထုတ်ပြန်ထားပြီး ဂျာမနီအစိုးရက ပညာရှင်များ၏ ထောက်ခံချက်ရရှိပြီးနောက် အသက် ၆၅ နှစ်နှင့်အထက် အရွယ်များ ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းမပြုရန် ညွှန်ကြားထားသည်။
ထိုကဲ့သို့သော ဆုံးဖြတ်ချက်များသည် သက်ကြီးရွယ်အိုများကို AstraZeneca ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသည့် ဗြိတိန်နိုင်ငံနှင့် ကွဲပြားခြားနားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို