၃၀ အောက်တိုဘာ

 

နယူးဇီလန်နိုင်ငံမှာ အောက်တိုဘာ ၁၇ ရက်နေ့ က ကျင်းပခဲ့တဲ့  ရွေးကောက်ပွဲနေ့တွင် ရွေးကောက်ပွဲအတွက် မဲတစ်မဲ နဲ့  euthanasia နဲ့ ဆေးခြောက်ကို ကျန်းမာရေးအရ တရားဝင်သုံးစွဲခွင့် ဆန္ဒခံယူပွဲ အတွက် ဆန္ဒမဲနှစ်မဲ ပေးခဲ့ရပါတယ်။

 

 

ဆန္ဒခံယူပွဲ မဲအဆုံးအဖြတ်အရ euthanasia (ကုသနိုင်တဲ့နည်းလမ်း မရှိတော့တဲ့ မကျန်းမာသူတွေအနေနဲ့ အသက်ကို အဆုံးသတ်ခွင့်) ကို တရားဝင် ခွင့်ပြုသွားမှာ ဖြစ်ကြောင်း သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

 

 

 ဒါပေမယ့် ဆေးခြောက်ကို ကျန်းမာရေးအရ တရားဝင်သုံးစွဲခွင့် ကိုတော့ ဆန္ဒခံယူပွဲ မဲရလဒ်မှာ ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။

 

 

ဆန္ဒခံယူပွဲ ပဏာမ ရလဒ်အရ euthanasia ကိုထောက်ခံမဲ ၆၅.၂ မဲ၊ ကန့်ကွက်မဲ ၃၃.၈ မဲ ရရှိပြီး ဆေးခြောက်ကို ကျန်းမာရေးအရ တရားဝင်သုံးစွဲခွင့်အတွက် ကန့်ကွန့် မဲ ၅၃.၁၊ ထောက်ခံမဲ ၄၆.၁ ရရှိကြောင်း သိရပါတယ်။ ပဏာမရလဒ်မှာ အထူးမဲ မပါဝင်သေးကြောင်း၊ အထူးမဲအရေအတွက်ဟာ ၂၀ ရာခိုင်နှုန်း ရှိတာကိုတွေ့ရပါတယ်။

 

လာမယ့်သောကြာနေ့မှာ ဆန္ဒခံယူပွဲရဲ့ နောက်ဆုံး မဲရလဒ် ထွက်ပေါ်လာမှာဖြစ်ပါတယ်။  ထွက်ပေါ်လာမယ့် ရလဒ်ဟာ  နောက်နှစ် နိုဝင်ဘာလတွင် တရားဝင်ဖြစ်လာမယ်လို့ သိရပါတယ်။

 

ရွေးကောက်ပွဲမှာ ဒုတိယအကြိမ် အနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန် က right-to-die နဲ့ ဆေးခြောက်ကို ကျန်းမာရေးအရ တရားဝင်သုံးစွဲခွင့်ကို ထောက်ခံမဲ ပေးခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ဒီနေ့ ပြောပါတယ်။

 

ဆေးခြောက်ကို ကျန်းမာရေးအရ သုံးစွဲခွင့် ဉပဒေ တွင် အသက် ၂၀ အထက်လူတိုင်း တစ်နေ့လျှင် ဆေးခြောက် အောင်စဝက် ဝယ်ယူခွင့်ရှိခြင်းနဲ့ အိမ်တစ်အိမ်မှာ ဆေးခြောက်အပင် ၄ ပင် အထိ စိုက်ပျိုးခွင့် ရှိကြောင်း သိရပါတယ်။

 

လာမယ့်သောကြာနေ့ နောက်ဆုံးမဲရလဒ် မှာ ဆေးခြောက်ကို ကျန်းမာရေးအရ သုံးစွဲခွင့်မဲ ရှုံးခဲ့ရင်တော့ နယူးဇီလန်နိုင်ငံမှာ ဆေးခြောက်သုံးစွဲခြင်းဟာ တရားမဝင်ဖြစ်နေအုံးမှာလို့ ဆိုရမှာဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP