၁၄ ဩဂုတ်
နယူးဇီလန်နိုင်ငံ အော့ကလန်းမြို့ကို အသွားအလာ ပိတ်ဆို့မှု ၁၂ ရက် တိုးမြှင့်လိုက်ကြောင်း ဒီနေ့ (သောကြာနေ့) မှာ ဝန်ကြီးချုပ် ဂျင်စင်ဒါ အာဒန် က ကြေညာလိုက်ပါတယ်။
ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက် များနေတဲ့ အခုအခြေအနေ ထိန်းသိမ်းထားရန် အသွားအလာ ကန့်သတ် ပိတ်ဆို့မှုကို ၁၂ ရက်တိုးဖို့ အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း ဝန်ကြီးချုပ်က ပြောကြားပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က နိုင်ငံတွင်း ကူးစက်မှု အနေနဲ့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၄ ဦး တွေ့ရှိရာမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၀ ဦးအထိ ရှိလာကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က နယူးဇီလန် နိုင်ငံမှာ နိုင်ငံတွင်း ကူးစက်မှု မရှိရာ ၁၀၂ ရက်ကို ပြီးဆုံးခဲ့ပါတယ်။
နယူးဇီလန် နိုင်ငံရဲ့ အကြီးဆုံးမြို့ အော့ကလန် မြို့မှာ ၁.၅ သန်း နေထိုင်ကြောင်း၊ ဗိုင်းရပ်စ်ပိုး ပြန်လည် တွေ့ရှိမှုကြောင့် အဲဒီမြို့ခံတွေကို အိမ်မှာဘဲနေရန် အမိန့် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
MDN
ကိုးကား - AFP