ဝယ်လင်တန်  ဩဂုတ်

နယူးဇီလန်နိုင်ငံမှာ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုမရှိတာ ရက် ၁၀၀ ရှိသွားပြီလို့ ဒီနေ့ (တနင်္ဂနွေနေ့) မှာ ကြောညာလိုက်ပြီး ကျန်းမာရေးဌာနမှ တာဝန်ရှိသူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးနဲ့ ပတ်သက်ပြီး စိတ်ချရပြီဆိုတဲ့ အခြေအနေမှာ မရှိကြောင်း သတိပေးလိုက်ပါတယ်။

ဒါပေမယ့် နိုင်ငံရဲ့ နယ်စပ်ဂိတ်ရှိ သီးသန့်ခွဲခြား စောင့်ကြည့်နေရာမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိထားသူ ၂၃ ဦး ရှိပြီး နိုင်ငံကို ဝင်ရောက်လာသူတွေကို သီးသန့်ခွဲခြားထားရှိပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန မှ ဒေါက်တာ အက်ရှ်လေ ဘလွန်းဖီးလ်က နိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု မရှိတာ ရက် ၁၀၀ ရှိသွားကြောင်း၊ စိတ်ချလက်ချရှိဖို့ဆိုတာ မဖြစ်နိုင်သေးကြောင်း၊ ဗိုင်းရပ်စ်ပိုးဟာ အလျင်အမြန် ကူးစက်နိုင်တယ်ဆိုတာကိုလည်း တွေ့မြင်နေကြောင်း၊ နယူးဇီလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ရင် အမြန်ဆုံး ခြေရာခံဖို့လည်း ပြင်ဆင်ထားကြောင်း ပြောပါတယ်။

နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပထမဦးဆုံး တွေ့ရှိသူမှာ ဖေဖော်ဝါရီလကဖြစ်ပြီး ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ,၂၁၉ ဦးရှိပေမယ့် နိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ပိုး  နောက်ဆုံး ကူးစက်မှုဟာ မေ ရက်နေ့က ဖြစ်တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO က နယူးဇီလန်ကို နမူနာယူရန် ပြောကြားထားပါတယ်။

နယူးဇီလန် နိုင်ငံသားတွေဟာ ဗိုင်းရပ်စ်ပိုးမတိုင်မီ အခြေအနေကလို အားကစားပွဲတွေ၊ ယဉ်ကျေးမှုပွဲတွေကို ပွဲကြည့်ပရိသတ်အနေနဲ့ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေပေမယ့် နယ်စပ်ဂိတ်တွေကို တင်းတင်းကျပ်ကျပ် စောင့်ကြပ်ထားပြီး နိုင်ငံတွင်းကို ဝင်ရောက်လာသူတိုင်း သီတင်းနှစ်ပတ် သီးသန့် စောင့်ကြည့်မှုအောက်မှာ နေရပါတယ်။

အစိုးရက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်းကို ပြင်ဆင်တဲ့အနေနဲ့ အိမ်တိုင်းမှာ မျက်နှာဖုံး အပါအဝင် အရေးပေါ် အသုံးပြုနိုင်တဲ့ ပစ္စည်းတွေ ထားရှိရေးကို တိုက်တွန်းပြောဆိုထားပါတယ်။

MDN

ကိုးကား - AFP

116769650_299834947960783_5855512012400014165_n~1117348124_306229900491440_3027494483777335664_n~1117416003_350930649241492_1099118311379066996_n~1