၁၇ အောက်တိုဘာ
နယူးဇီလန်နိုင်ငံရဲ့ ကိုရိုမန်ဒယ်ကျွန်းဆွယ်ရှိ ရေတိမ်ပိုင်းမှာ သောင်းတင်နေတဲ့ ဝေလငါးအုပ်ကို ကယ်ဆယ်ရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဒီနေ့(စနေနေ့)မှာ အရှိန်မြှင့်လုပ်ဆောင် နေခဲ့ကြပါတယ်။
ကောင်ရေ ၄၀ ဝန်းကျင်ရှိတဲ့ ဝေလငါးတွေဟာ ရေတိမ်ပိုင်းမှာ ရှိနေပြီး ၂၅ ကောင်ကတော့ သောင်တင်နေကြောင်း၊ ဝေလငါးတွေကို အသက်ရှင်အောင်လုပ်ပေးနေပြီး ညနေပိုင်း ဒီရေတက်ချိန်မှာ ရေနက်ပိုင်းဆီပြန်ရောက်နိုင်ရေးအတွက် လုပ်ဆောင်နေကြောင်း အဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
ပြီးခဲ့တဲ့လ ဩစတြေးလျားနိုင်ငံမှာ ဝေလငါးအုပ် သောင်တင်ခဲ့တဲ့အတွက် ၃၇၆ ကောင် ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
MDN
ကိုးကား - AFP