နယူးဇီလန်နိုင်ငံမှာ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ကို ထပ်မံတင်းကျပ် ပြဌာန်း

၁၈ ဇွန်

 

 

နယူးဇီလန်နိုင်ငံမှာ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ကို ပိုမိုတင်းကျပ်လိုက်တဲ့ ဉပဒေနဲ့ ဒီနေ့ ပြဌာန်းလိုက်ကြောင်း သိရပါတယ်။  ပြီးခဲ့နှစ်က  သေနတ်သမား တစ်ဦးဟာ  အစ္စလာမ် ဘာသာဝင် ဝတ်ပြုသူတွေကို သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် ၅၁ ဦး သေဆုံးခဲ့ပါတယ်။

 

 

အခုပြဌာန်းမယ့် သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ရှိသူရဲ့ နေရပ်လိပ်စာကို လိုက်လံရှာဖွေမှာဖြစ်ပြီး လိုင်စင်ရှိသူဟာ သေနတ်ကိုင်ဆောင်ဖို့ သင့်တော်တဲ့လူ ဖြစ်လာဆိုတာကို သေချာအောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

 

ဒါ့အပြင် အခုပြဌာန်းလိုက်တဲ့ ဉပဒေတွင်  ရဲတပ်ဖွဲ့၊ သေနတ်ပိုင်ဆိုင်သူနဲ့ ပတ်ဝန်းကျင်နဲ့ ပူးတွဲပြီး လေ့လာစောင့်ကြည့်သွားမယ့် အချက်အလက်တွေပါ ပါရှိကြောင်း သိရပါတယ်။

 

 

ပြီးခဲ့တဲ့နှစ် မတ် ၁၅ ရက် သောကြာနေ့မှာ သေနတ်ကိုင်ဆောင်သူ ဩစတေးလျ နိုင်ငံသား ဘရန်တန် တားရန့်က စစ်တပ်သုံးပုံစံ ဆီမီးအော်တိုမက်တစ် ရိုင်ဖယ်သေနတ်တွေ အသုံးပြုပြီး ခရိုက်စ်ချက်စ်ရှိ ဗလီကို ဝင်ရောက် ပစ်ခတ်ခဲ့ရာ ၅၁ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုဟာ နယူးဇီလန်နိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံး ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။  ပြစ်မှုကျူးလွန်သူဟာ လူ ၅၁ ဦးသတ်မှု၊ လူ ၄၀ ကို သတ်ရန် ကြိုးပမ်းမှုနဲ့ အကြမ်းဖက်မှု တစ်မှုတို့ကို ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရပြီးဖြစ်ပါတယ်။ ကပ်ရောဂါကြောင့် ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်ချမှတ်ရန် နှောင့်နှေးနေခြင်းဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP