ဒီဇင်ဘာ ၂၀

 

နယူးဇီလန်နိုင်ငံတွင် နိုင်ငံတကာမှပြန်ရောက်လာသူကိုးဦးတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အိုမီခရွန်ကူးစက်ခံရသူ ၂၂ ဦးရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

 

အိုမီခရွန်ကူးစက်ခံရသူအားလုံးအနက် တစ်ဦးမှာယခုအခါ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် သွားလာခွင့်ပြုခဲ့သည်ဟုသိရပြီး ကျန်လူနာများမှာ သီးသန့်ခွဲခြားနေထိုင်ရဆဲဖြစ်သည်ဟု ဖော်ပြထားသည်။

 

ယနေ့တွင် နောက်ထပ်လူ ၆၉ ဦး အုပ်စုလိုက်ကူးစက်မှုဖြစ်ပွားသည်။ ထပ်မံရောဂါကူးစက်ခံရသူများအနက် ၅၉ ဦးသည် အကြီးဆုံးမြို့ဖြစ်သည့် အော့ကလန်မှဖြစ်ပြီး အနီးအနားရှိ ဝါကာတိုတွင် ခုနစ်ဦး၊ ပလန်တီတွင် နှစ်ဦးနှင့် တရာနာကီတွင် တစ်ဦးတို့ဖြစ်သည်။

 

အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ခုနစ်ဦးအပါအဝင် ဆေးရုံတွင်တက်ရောက်ကုသမှုခံယူနေသူ ၆၂ ဦး ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကူးစက်ဖြစ်ပွားဆဲလူနာ ၁၃၁၂၅ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို