ဖေဖော်ဝါရီ ၁၇

နယူးဇီလန်နိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း ဂါဘရီလီ တိုက်ခတ်ခဲ့ရာ ယမန်နေ့ကအထိ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သဖြင့် လူခြောက်ဦးထက်မနည်းသေဆုံးခဲ့ပြီး ၃၅၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ယခုသီတင်းပတ်အစောပိုင်းက နိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းတွင် ထိုမုန်တိုင်းတိုက်ခတ်မှုကြောင့် လမ်းများ၊ တံတားများနှင့် ဆက်သွယ်ရေးအခြေခံအဆောက်အအုံများ ပျက်စီးမှုများပြားခဲ့ပြီး ထောင်နှင့်ချီသောဒေသခံများသည် ၎င်းတို့၏နေအိမ်များ ဆုံးရှုံးခဲ့ကြသည်။

အဆိုပါမုန်တိုင်းကြောင့် သေဆုံးသူများတွင် ကလေးတစ်ဦးနှင့် စေတနာ့ဝန်ထမ်းမီးသတ်သမားနှစ်ဦးတို့ပါဝင်သည်ဟု သိရသည်။ နိုင်ငံအရေးပေါ်အခြေအနေကြေညာချက်သည် အသက်ဝင်နေဆဲဖြစ်သည်။

နယူးဇီလန်နိုင်ငံကတောင်းဆိုထားသော အကူအညီများထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဩစတြေးလျနိုင်ငံက ခိုင်မာစွာ ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို