ဩဂုတ် ၂၃
နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၆၉၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် ၃၅ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
နိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သောလက ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၀၀၀၀ ကျော်ရှိရာမှ ရောဂါနေ့စဉ်ကူးစက်မှု ကျဆင်းလာခဲ့သည်။
၂၀၂၀ ခုနှစ်အစောပိုင်းမှစတင်ကာ ယနေ့အထိ ကိုဗစ်ရောဂါကူးစက်ခံသူပေါင်း ၁၇၀၆၂၉၄ ဦးရှိကြောင်း အတည်ပြုထားပြီး ထိုရောဂါကူးစက်မှုနှင့်ဆက်စပ်ပြီးသေဆုံးသူ ၁၈၄၁ ဦးရှိသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။
နိုင်ငံအတွင်းရှိ ဆေးရုံအသီးသီးတွင် ဆေးကုသမှုခံယူနေသူ ၄၀၂ ဦးရှိသည့်အနက် ခြောက်ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို