နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၄၆၁ ဦး ထပ်မံတွေ့ရှိ

 

ဝယ်လင်တန် ဇူလိုင် ၁၁

 

နယူးဇီလန်နိုင်ငံ၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၄၆၁ ဦးထပ်မံတွေ့ရှိခဲ့ကြောင်း နယူးဇီလန် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအနက် ၂၈၆ ဦး သည် ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ ပြီးနောက် ပြန်လည်ရောက်ရှိလာသူများ အနက်မှ ကူးစက်ခံရသူများဖြစ်ကြောင်း နယူးဇီလန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

ထို့ပြင် နယူးဇီလန်နိုင်ငံ၌ ယနေ့တွင် အထူးကြပ်မတ် ကုသဆောင်များ၌ ဆေးဝါးကုသမှု ခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ လူနာ ၁၃ ဦးအပါအဝင် ဆေးရုံအသီးသီး၌ ဆေးဝါးကုသမှု ခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ လူနာပေါင်း ၆၆၂ ဦးရှိကြောင်း သိရသည်။

 

နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုစတင်တွေ့ရှိခဲ့သည့် အချိန်မှစတင်ကာ လက်ရှိအချိန်အထိ ကူးစက် ခံရသူပေါင်း ၁၄၂၁၀၇၇ ဦးရှိကြောင်း လည်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အလင်းသစ်