ဇန်နဝါရီ ၂၆

 

နယူးဇီလန်နိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၅ ဦးအပါအဝင် ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃ ဦး ရှိသောကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၁၅၆၄ ဦးအထိ ရှိလာသည်။

 

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူ ၁၅ ဦးမှာ အော့ကလန်၊ တာရာနာကီနှင့် နယ်လ်ဆန်ဒေသတို့မှ ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃ ဦးတွင် အော့ကလန်ဒေသမှ ၁၂ ဦး၊ အနီးနားရှိဝီကာတိုမှ သုံးဦးနှင့် လိတ်ခ်ဒေသမှ ငါးဦးတို့ပါဝင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်လူနာ ခြောက်ဦးသည် နိုင်ငံအတွင်းရှိဆေးရုံများတွင် တက်ရောက်ကုသမှု ခံယူလျက်ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီးသူ ၉၃ ရာခိုင်နှုန်းရှိသည်ဟု ထိုဝန်ကြီးဌာနက ဖော်ပြထားသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၁ ဒသမ ၁၁ သန်းကျော် ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို