ဧပြီ ၂၂
နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါလူအုပ်စုလိုက်ကူးစက်ခံရသူဦးရေ ၉၃၉၀ ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၃ ဦး ထပ်မံသေဆုံးခဲ့သည်ဟု သိရသည်။
အဆိုပါ ရောဂါထပ်မံကူးစက်ခံရသူများအနက် အကြီးဆုံးမြို့ဖြစ်သည့် အော့ကလန်မြို့တွင် ၂၂၄၁ ဦး၊ နယ်စပ်ဒေသတွင် ၅၆ ဦး တွေ့ရှိခဲ့ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။
နိုင်ငံတစ်ဝန်းတွင် ဆေးရုံအသီးသီး၌ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၁၅ ဦး အပါအဝင် ဆေးရုံတက်ကုသမှုခံယူနေသူ ၅၂၂ ဦးရှိသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုစတင်ဖြစ်ပွားချိန်ကတည်းက ယခုချိန်အထိ ရောဂါကူးစက်ဖြစ်ပွားသူ ၈၆၇၉၀၇ ဦးရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို