မေ ၃

 

နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါလူအုပ်စုလိုက်ကူးစက်ဖြစ်ပွားသူ ၉၁၀၉ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါထပ်မံကူးစက်မှုများအနက် အကြီးမားဆုံးမြို့ဖြစ်သော အော့ကလန်တွင် ၂၆၇၈ ဦးတွေးရှိပြီး နယူးဇီလန်နယ်စပ်တွင် ၁၂၈ ဦး တွေ့ရှိခဲ့သည်ဟု ထိုဝန်ကြီးဌာနက ထပ်လောင်းဖော်ပြသည်။

 

နိုင်ငံတစ်ဝန်းရှိဆေးရုံအသီးသီးတွင် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၁၀ ဦးအပါအဝင် ဆေးရုံတက်ကုသမှုခံယူနေဆဲ ၄၈၁ ဦး ရှိသည်ဟု သိရသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုစတင်ဖြစ်ပွားချိန်ကတည်းက ယခုအထိ ရောဂါကူးစက်ဖြစ်ပွားသူ ၉၄၉၃၂၃ ဦးရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုများဖြစ်ပွားသဖြင့် ၂၀၂၀ ခုနှစ် မတ်လက နိုင်ငံတကာနယ်စပ်ဒေသများ ပိတ်ထားခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် ဗီဇာကင်းလွတ်ခွင့်ပြုထားသည့် နိုင်ငံပေါင်း ၆၀မှ ခရီးသွားများအတွက် နယူးဇီလန်နယ်စပ်ဒေသများကို မေလ ၁ ရက်မှစတင်ကာ ဖွင့်လှစ်ထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို