ဧပြီ ၂၄
နယူးဇီလန်နိုင်ငံရှိ ကာမာဒတ်ကျွန်းတွင် ယနေ့မနက်ပိုင်းက ပြင်းအား ၇ ဒသမ ၁ ပမာဏရှိငလျင်လှုပ်ခတ်ခဲ့သည်ဟု သမုဒ္ဒရာ၊ လေထုနှင့်ကမ်းရိုးတန်းဒေသကြီးများလေ့လာရေးအဖွဲ့က ပြောကြားသည်။
အဆိုပါငလျင်လှုပ်ခတ်မှုနှင့်စပ်လျဉ်း၍ ဆူနာမီသတိပေးချက်မရှိဟု ၎င်းအဖွဲ့က ဆိုသည်။
ကနဦးက ထိုငလျင်လှုပ်ခတ်မှုသည် ပြင်းအား ၇ ဒသမ ၃ ပမာဏရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
ထိုငလျင်သည် အနက် ကီလိုမီတာ ၄၉ တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံ ဘူမိဗေဒစစ်တမ်းအရ သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို