ဝယ်လင်တန် အောက်တိုဘာ ၁၂
နယူးဇီလန်အစိုးရသည် နိုင်ငံအတွင်းစိုက်ပျိုး ရေးလုပ်ငန်းမှ ထုတ်လွှတ်သည့် ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေးဆိုင်ရာ အကြံပြုချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း ဝန်ကြီးချုပ် ဂျန်စင်ဒါအာဒန်က ယနေ့ပြောကြားသည်။
အကြံပြုချက်များရယူ
အထက်ပါအကြံပြုချက်သည် နယူးဇီလန်နိုင်ငံ တွင် ၂၀၃၀ပြည့်နှစ်အရောက်၌ ကာဗွန်ဓာတ်ငွေ့ကို သုညရာခိုင်နှုန်း လျှော့ချရေးရည်မှန်းချက်ကိုလည်း အားဖြည့်သွားမည်ဟု သိရသည်။ နယူးဇီလန်အစိုးရ သည် နိုင်ငံအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် လေထုညစ်ညမ်းမှုလျှော့ချရေးအတွက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကော်မရှင် အပါအဝင် ကျွမ်းကျင်သူပညာရှင်များထံမှ အကြံပြု ချက်များရယူခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ လေထုညစ်ညမ်းမှုလျှော့ချရေးဆိုင် ရာအကြံပြုချက်ထုတ်ပြန်ခြင်းသည် နယူးဇီလန်နိုင်ငံ ၏ စိုက်ပျိုးရေးလုပ်ငန်းများအား ၂၀၂၅ ခုနှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ကင်းစင်ရေး အတွက် အရေးကြီးသည့် ခြေလှမ်းဖြစ်ကြောင်း ဂျင်စင်ဒါအာဒန်က ပြောကြားသည်။
ဆောင်ရွက်နိုင်မည်
နိုင်ငံအတွင်းရှိ လယ်သမားများသည် ယခု ထုတ်ပြန်ခဲ့သည့် စိုက်ပျိုးရေးလုပ်ငန်းတွင် လေထု ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အကြံပြုချက်ကို အခြေခံပြီး အဆိုပါလုပ်ငန်းတွင် လေထုညစ်ညမ်းမှု လျှော့ချရေးအတွက် နည်းပညာများနှင့်အကြံပြုချက် များအပါအဝင် သုတေသနလုပ်ငန်းများကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြား သည်။
ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းမှရရှိသည့် အမြတ် ငွေများကို ၎င်းလုပ်ငန်းတွင် ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေးအတွက် သုံးစွဲသွားရမည်ဟု စိုက်ပျိုးရေး ပညာရှင်ဖြစ်သူ ရော်ဘင်ကလည်း ပြောကြားသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ