ဒီဇင်ဘာ ၁၃

နယူးဇီလန်နိုင်ငံသို့ ၂၀၂၄ ခုနှစ်အောက်တိုဘာလက နိုင်ငံခြားခရီးသွား ၂၄၀၂၀၀ ဝင်ရောက်မှုရှိရာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ နိုင်ငံခြားခရီးသွား ၁၄၂၀၀ ပိုမိုများပြားခဲ့ရာ ဩစတြေးလျ၊ အမေရိကန်၊ စင်ကာပူ၊ ဗြိတိန်နိုင်ငံတို့မှ ခရီးသွားဝင်ရောက်မှုအများဆုံးဖြစ်ကြောင်း စာရင်းအင်းဌာနက ယနေ့တွင်ပြောကြားသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလက နိုင်ငံခြားခရီးသွားဝင်ရောက်မှုစုစုပေါင်းသည် ၂၀၁၉ ခုနှစ် အောက်တိုဘာလက နိုင်ငံခြားခရီးသွား ၂၈၃၈၀၀ ဦးဝင်ရောက်မှု၏ ၈၅ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

အောက်တိုဘာလအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုတွင် ဩစတြေးလျနိုင်ငံမှ ၄၆ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံမှ ၉ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံမှ ၇ ရာခိုင်နှုန်း၊ ဗြိတိန်နိုင်ငံမှ ၅ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံမှ ၃ ရာခိုင်နှုန်းနှင့် ဂျာမနီနိုင်ငံမှ ၃ရာခိုင်နှုန်းတို့ဖြစ်သည်ဟု သိရသည်။

နိုင်ငံခြားခရီးသွားနှစ်စဉ်ဝင်ရောက်မှုတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၃ ဒသမ ၂၅ သန်းရှိရာ ၂၀၂၃ ခုနှစ် အလားတူကာလခရီးသွားဝင်ရောက်မှုမှ ၄၁၃၀၀၀ ပိုမိုများပြားခဲ့ကြောင်းနှင့် တရုတ်၊ ဩစတြေးလျ၊ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှလာရောက်သောခရီးသွားများဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလက နယ်စပ်ဖြတ်ကျော် ၁ ဒသမ ၀၇ သန်းရှိရာ ဆိုက်ရောက် ၅၆၉၉၀၀ ရှိပြီး ထွက်ခွာ ၅၀၄၄၀၀ ရှိသည်ဟုသိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို