နယူးဇီလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်သူအရေအတွက် ၅၀အထိရှိလာသဖြင့် အရေးပေါ်အခြေအနေ ကြေညာ

၂၅ မတ်

 

နယူးဇီလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ အရေအတွက် ၅၀ ရှိကြောင်း အတည်ပြုခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။

 

၂၀ဝ၂ ခုနှစ် အရပ်သားကာကွယ်ရေး အရေးပေါ်အက်ဥပဒေအရ လေကြောင်းကာကွယ်ရေး အရပ်သားအဖွဲ့ဝန်ကြီး Peeni Henare က နိုင်ငံတော် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့သည်ဟု ၎င်းအဖွဲ့၏စီမံခန့်ခွဲမှုဒါရိုက်တာ Sarah Stuart Black က    သတင်းစာရှင်းလင်းပွဲတွင် ယနေ့ ပြောကြားခဲ့သည်။

 

ကြေညာခဲ့ခြင်း ဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်မှုနှေးကွေးရန် နှင့် အကျိုးသက်ရောက်မှု လျှော့ချရန် လိုအပ်ပြီး ကမ္ဘာအနှံ့ ကူးစက်ရောဂါ မကြုံစဖူး ဖြစ်ပွားမှုကြောင့် နိုင်ငံတော် အရေးပေါ်အခြေအနေတစ်ရပ် အဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

နယူးဇီလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်သူ အရေအတွက် ၅၀ ရှိကြောင်း အတည်ပြုချက် ထွက်ပေါ်လာရာ စုစုပေါင်း ရောဂါ ကူးစက်ခံရသူ ၂၀၅ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို