ဇန်နဝါရီ ၁၉

နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် အာဒန်က ဖေဖော်ဝါရီလတွင် လေဘာပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ရာထူးတို့မှ နုတ်ထွက်မည်ဖြစ်ကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယခုနှစ်ရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် ပြန်လည်အရွေးခံမည်မဟုတ်ဟု ဆိုသည်။

အာဒန်၏ရာထူးသက်တမ်းသည် ဖေဖော်ဝါရီလ ၇ ရက်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း သိရသည်။

၎င်း၏ရာထူးမှနုတ်ထွက်မှုသည် ဝန်ကြီးချုပ်အသစ်ခန့်အပ်မှုတွင် အကျိုးသက်ရောက်မည်ဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါရာထူးဖြင့် ငါးနှစ်ခွဲကြာ တာဝန်ထမ်းဆောင်ပြီးနောက် ထပ်မံတာဝန်ထမ်းဆောင်ခြင်း မပြုနိုင်တော့ကြောင်း ၎င်းကပြောကြားသည်။

ခေါင်းဆောင်သစ်ရွေးချယ်ပွဲကို ဇန်နဝါရီ ၂၂ ရက်တွင် ပြုလုပ်မည်ဟု အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နယူးဇီလန်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အာဒန်ကထုတ်ပြန်ကြေညာခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို