၄ ဇွန်
နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ လူနာသစ် မတွေ့ရသည်မှာ ၁၃ ရက် ဆက်တိုက်ရှိလာပြီ ဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း ကူးစက်ခံရမှုပေါင်း ၁၅၀၄ ရှိကြောင်း ကျန်းမာရေး ညွှန်ကြားရေးမှူးချုပ် အက်ရှလေ ဘလွန်းဖီး က ယနေ့တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့သို့ အစီရင်ခံ တင်ပြထားသော ကိုဗစ်လူနာ စုစုပေါင်း ၁၁၅၄ ဦး ရှိကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ဘလွန်းဖီးက ပြောကြားသည်။
နယူးဇီလန်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၂ ဦး သာရှိကြောင်းနှင့် ထပ်မံသေဆုံးသူ မရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။
ကိုဗစ်-၁၉ သတိပေးမှု အဆင့်-၁ အရ စီးပွားရေး လုပ်ငန်းများဆိုင်ရာ ကန့်သတ်ချက်များကို ဖယ်ရှားမည် ဖြစ်သည်။
နယူးဇီလန်ဝန်ကြီးချုပ် အာဒန်က နယူးဇီလန် လူမျိုးများ အနေဖြင့် ၎င်းတို့၏ လူနေမှုဘဝ ပုံမှန်ပြန်ရောက်နေပြီ ဖြစ်ကြောင်း အသေးစိတ် အချက်အလက်များကို ယမန်နေ့က ရှင်းလင်းပြောကြားခဲ့သည်။
သတိပေးမှု အဆင့်-၁ လျှော့ချမည့် ဆုံးဖြတ်ချက်ကို ဇွန် ၈ ရက်တွင် ပြုလုပ်မည်ဟု အာဒန်က ဆိုသည်။
တင်းကျပ်သော နယ်စပ်ထိန်းချုပ်မှုများကို ဆက်လက်ထားရှိမည် ဖြစ်ပြီး လူစုလူဝေးများနှင့် အားကစားဆိုင်ရာ ကန့်သတ်ချက်များကို ရုပ်သိမ်းမည် ဖြစ်ကြောင်း အာဒန်က ထပ်လောင်းပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို