၂၇ နိုဝင်ဘာ
နယူးဇီလန်နိုင်ငံတွင် ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့က ဝေးလံသောကျွန်းများပေါ်တွင် ဝေလငါးအကောင်ရေ ၁၀၀ နီးပါး အစုအပြုံလိုက်သောင်တင်ကာ သေဆုံးခဲ့သည်။
နိုင်ငံ၏တောင်ပိုင်း ကျွန်း၏အရှေ့ဘက် ကီလိုမီတာ ၈၀၀ အကွာရှိ ချတ်တမ်ကျွန်းများတွင် ဝေလငါး ၉၇ ကောင်နှင့် လင်းပိုင် သုံးကောင် သေဆုံးခဲ့သည်ဟု သဘာဝဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အာဏာပိုင်များက ဆိုသည်။
တနင်္ဂနွေနေ့မွန်းတည့်ချိန်ခန့်က ထိုသေဆုံးမှုနှင့်ပတ်သက်သည့် ပထမဆုံးအစီရင်ခံစာများရရှိခဲ့သည်။
တာဝန်ရှိသူတစ်ဦးက အကောင်ရေ ဒါဇင်အနည်းငယ်သာ အသက်ရှင်နေပြီး အလွန်အားနည်းနေသည်ဟု ဆိုသည်။
ချတ်တမ်ကျွန်းများတွင် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ နီးပါးက အကောင်ရေ ၁၀၀၀ အစုအပြုံလိုက် သောင်တင်ကာ စံချိန်တင်သေဆုံးခဲ့သဖြင့် ၎င်းကျွန်းများကို လူသိများကြသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို